မိုးမိတ် ၁၉ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သော ဆယ်အိမ်စုမှူးဆင့်ပွားသင်တန်းကို ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်သက်သက်ဦး၊ ခေတ္တမြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်မျိုးဇော်တို့မှ အမှာစကာပြောကြားခဲ့ပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဆွေမြင့်က မိခင်နှင့်စောင့်ရှောက်ရေးအသင်းသည် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မိခင်နှင့်ကလေးများ၏ လူမှုရေးစောင့်ရှောက်မှုပေးခြင်းဖြင့် မိသားစု၏ ဘဝအဆင့်အတန်းမြင့်မားလာစေရန်အတွက် အထောက်အကူဖြစ်ရန်ဖြစ်ပြီး၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မိသားစုဝင်ငွေတိုးရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ စသည့်ဖြင့် အခြေခံလိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် သင်တန်းတက်ရောက်ခြင်းကြောင့် မိမိတို့လုပ်ငန်းစွမ်းဆောင်ရည် များကို မြင့်မားလာစေပြီး သူများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင် ဟူသော ဆောင်းပုဒ်နှင့်အညီ စေတနာထားပြီး လုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူး၏ တာဝန်ဝတ္တရားများ၊ မျိုးဆက်ပွား ကျန်းမားရေး ကဏ္ဍတွင်ပါဝင်ကူညီပေးခြင်းအကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအကြောင်း၊ ဆေးလိပ် အန္တရာယ်အကြောင်းသိကောင်းစရာများ၊ တိုင်းရင်းဆေပညာအကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးကုသမှု လုပ်ငန်းများတွင် ပါဝင်ကူညီခြင်းအကြောင်း၊ ကျန်းမာရေးပညာပေးလုပ်ငန်းများအကြောင်း၊ ပညာရေးစောင့်ရှောက်မှု လုပ်ငန်းများအကြောင်း၊ စီးပွားရေးလုပ်ငန်းများအကြောင်း၊ လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများအကြောင်း၊ အသေးစား ချေးငွေထောက်ပံ့ခြင်းအကြောင်း၊ အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်ကြားခြင်းအကြောင်းအရာများကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာတစ်ရက်ဖြစ်ရာ သင်တန်းသားဦးရေးမှာ (၄၅) ဦးဖြစ်ကြောင်း သိရသည်။
စည်သူဌေး (မိုးမိတ်သား)