မိုးမိတ်  ၂၅  မတ်


ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့ ရွှေတောင်ဦးဘုရား ဓမ္မာရုံတွင် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ကုသပေးခြင်းကို နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ မိုးကုတ်မြို့ ချမ်းသာကြီးမြတ်စွာဘုရား အခမဲ့ကုသိုလ်ဖြစ် မျက်စိခွဲစိတ်ကုသရေး အဖွဲ့မှ မတ် ၂၄ ရက်မှ ၂၅ ရက်နေ့အထိ လာရောက်ဆောင်ရွက်ပေးခဲ့ရာ မိုးမိတ်မြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်ပေါင်း ၇၇၇ ဦး လာရောက်စမ်းသပ်ကုသမှုကို ခံယူခဲ့ပြီး ၅၈ ဦးအား မိုးကုတ်မြို့သို့ ခေါ်ဆောင်၍ အခမဲ့ခွဲစိတ်ကုပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စည်သူဌေး (မိုးမိတ်သား)