မိုးမိတ်   ၂၆   ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားဓမ္မာရုံတွင် မိုးကုတ်မြို့ ချမ်းသာကြီးမြတ်စွာဘုရား အခမဲ့ကုသိုလ်ဖြစ် မျက်စိခွဲစိတ်ကုသရေးအဖွဲ့မှ မိုးမိတ်မြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးခြင်းကို ယနေ့နံနက် ၇ နာရီမှ စတင်၍ စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

 

မိုးမိတ်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးခြင်းကို ဖေဖော်ဝါရီ ၂၆ ရက် နှင့်၂၇ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် အခမဲ့စမ်းသပ်ကုသပေးသွာမည်ဖြစ်ပြီး တစ်ရက်လျှင် လူဦးရေ (၆၀ဝ)ကို ကုသစစ်ဆေးပေးသွားမည်ဖြစ်ပြီး မျက်စိခွဲစိတ်ကုသရမည့်သူများကိုလည်း မိုးကုတ်မြို့သို့ ခေါ်ဆောင်ကုသပေးသွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒေါ်မြင့်မြင့်လွင်က ပြောကြားခဲ့ကြောင်း သိရသည်။

 

မိုးမိတ်သား(စည်သူဌေး)

 

mdn