မိုးမိတ်    ၁၂    ဧပြီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော အခြေခံစားကုန်ပစ္စည်း (၅)မျိုး ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မိုးမိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ  ဦးလှိုင်ထွန်းက အခြေခံစားကုန်ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန်အတွက် လူစုလူဝေးမဖြစ်စေရန် အိမ်တိုင်ရာရောက်  ပေးအပ်နိုင်ရန် ပြောကြားခဲပြီး မိုးမိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးသောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်းတို့ က အမှာစကား ပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးသောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်း၊  ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက  ဧပြီ ၁၁ ရက်နေ့တွင် ပုံမှန်ဝင်ငွေမရှိသော မြို့ပေါ် (၄) ရပ်ကွက် နှင့်ကျေးရွာအုပ်စု  (၉) အုပ်စုမှ အိမ်ထောင်စု (၇၇၅) စုအား အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲတစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာနှုန်းဖြင့် ပေးအပ်ခဲ့ပြီး ယနေ့တွင်လည် ကျေးရွာအုပ်စု  (၅) အုပ်စုရှိ အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ရာ  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မိုးမိတ်မြို့နယ်အတွင်း ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု (၂၈)စု၊ ကျေးရွာ (၉၇)ရွာရှိရာ ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားအိမ်ထောင်စု  (၂၁၅၃) စု၊ လူဦးရေ (၈၉၈၃) ဦးရှိပြီး  ထောက်ပံ့ပစ္စည်းများကို အိမ်တိုင်ရာရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုးမိတ်သား(စည်သူဌေး)