မိုးမိတ် ၁၅ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် တတိယအကြိမ်မြောက် ဆီမီး (၁၁၀ဝ၀) စုပေါင်းထွန်းညှိပူဇော်ပွဲကို အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီတွင် ဆုတောင်းပြည့် စေတီတော် ရင်ပြင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်း ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့က ဆီးမီပူဇော်မည့် ဆုတောင်းပြည့်စေတီတော် ရင်ပြင်အား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ခေါင်းလောင်းထိုး၍ တစ်ပြိုင်တည်း စတင်ထွန်းညှိပူဇော်ခဲ့ကြသည်။
ထို့နောက် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်လဲ့ မိသားစုတို့က စတုဒီတာအာဟာရဒါနဖြင့် ကျွေးမွေးဧည့်ခံခဲ့ ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)


