နေပြည်တော်၊ ၉ ဇန်နဝါရီ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၇ ရက် ညပိုင်းက မိုးမိတ်မြို့နယ်၊ မိုးမိတ်-မန်တုံသွားကားလမ်း၊ ရွှေဇာလီကျေးရွာအုပ်စု၊ ညောင်နီကျေးရွာ အနီးတွင် ထက်မြတ်ငြိမ်း (ခ) နော်မိုင် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၅၄၀၀ ကို လည်းကောင်း။
ထို့အတူ ဇန်နဝါရီ ၈ ရက် ည ၇နာရီတွင် ကွတ်ခိုင်မြို့ အမှတ်(၃)ရပ်ကွက် အတွင်း မသင်္ကာဖွယ်တွေ့ရှိသူ မခေါန်မူးအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)