ရန်ကုန် ၁၃ သြဂုတ်

မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အမှတ်တရဝတ္ထုတို ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ရာ စိတ်ဝင်စားသူမည်သူမဆို အကြောင်းအရာမရွေးစာမူ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်စာမူများကို A4 စာရွက်ပေါ်တွင် ရှင်းလင်းပီသသော လက်ရေးဖြင့် (၁၀) မျက်နှာ၊ ကွန်ပျူတာဖြင့် (၆)မျက်နှာထက်မပို ရေးသား/ရိုက်နှိပ်ပြီး အမည်၊ မိဘအမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ အပြည့်အစုံတို့နှင့်အတူ ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း၊ ပုံနှိပ်ထုတ်ဝေခြင်း မပြုရသေးကြောင်း ကိုယ်တိုင်ကတိပြုစာတစ်စောင်ပါ ပူးတွဲ၍ စာပေလောကစာအုပ်တိုက်၊ အမှတ် ၁၇၃၊ ၃၃ လမ်း၊ ရန်ကုန်မြို့သို့ စက်တင်ဘာ ၃၀ ရက်ထက် နောက်မကျစေဘဲ အရောက်ပေးပို့ကြရန်ဖြစ်သည်။

ဆုရသူများအမည်စာရင်းကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ကြေညာပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ (၂၅၊ ၂၆၊ ၂၇)တွင် ကျင်းပမည့် မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်တွင် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်