မိုးနဲ၊ ၂၈ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင် ကျေးရွာတွင် ကျေးရွာနှင့် လယ်ယာမြေများ ဆက်သွယ်ထားသော ဟွေချေ ချောင်းကူး သစ်သားပျဉ်ခင်း တံတားကို တည်ဆောက်ခဲ့ရာ ဇန်နဝါရီ ၂၈ တွင် ပြီးစီးသွားပြီ ဖြစ်သည်။

 

သစ်သားပျဉ်ခင်း တံတားမှာ အကျယ် ၁၁ ပေ အရှည် ၂၂ ပေ ရှိကာ ကျေးရွာနေ ပြည်သူများ စုပေါင်းဆောင်ရွက်ခဲ့ပြီး ရာသီမရွေးသွားလာနိုင်မည့် တံတားတစ်ခု ဖြစ်သည်။

 

တံတားပြီးစီးသွားသည့်အတွက် ကျေးရွာနေ ပြည်သူ ၃၀ ကျော် စိုက်ပျိုးလုပ်ကိုင်လျက် ရှိသော လယ်ဧက ၂၀၀ ကျော်ကို အကျိုးပြုနိုင်သည့် ကျေးရွာကုန်ထုတ်တံတား တစ်စင်း ဖြစ်ကြောင်း ကျေးရွာနေ ပြည်သူတစ်ဦးက ပြောပြသည်။

 

မျိုးညွန့်ရွှေ(ပြန်/ဆက်)

 

mdn