မိုးနဲ   စက်တင်ဘာ   ၂၃

   

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေမှ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဟော်ဝင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေနုတ် မြောင်းတူးဖော်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်‌ ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီက ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းက လုပ်ငန်းပြီးစီးမှုအခြေအ‌နေများကို ရှင်းလင်းတင်ပြခဲ့‌ကြောင်း သိရသည်။

   

အဆိုပါ လုပ်ငန်းများကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၅ ဒသမ ၆ သိန်း နှင့် ကွန်ကရစ်လမ်းအရှည် ပေ ၂၂၀ ၊လမ်းအကျယ် ပေ ၂၀ နှင့် ထု ၆ လက်မ ကိုလည်းကောင်း ၊လမ်း ဘေး ဝဲ/ယာ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေနုတ်မြောင်း အရှည်ပေ ၂၁၀ ၊အကျယ်နှင့်အနက် တစ်ပေခွဲစီ ဆောင်ရွက်မှုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၇၂ သိန်း လုပ်ငန်းနှစ်မျိုးအတွက် စုစုပေါင်းခွင့်ပြု ရန်ပုံငွေ ၁၆၇ ဒသမ ၅ သိန်းဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။

                                                                                                 

မျိုးညွန့်ရွှေ (မိုးနဲ)