မိုးနဲ    ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်ထိုးချဲ့လူနာဆောင်သစ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ချယ်ရီဘုရင်မဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက်ရှိရာ  ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်ထပ်တိုးချဲ့လူနာဆောင်သစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၉၃ ဒသမ ၆၀ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၂၈၁ ဒသမ ၄၃ သန်း ၊စုစုပေါင်း ခွင့်ပြရန်ပုံငွေကျပ် ၄၇၅ ဒသမ ၀၃ သန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အလျား ၁၄၃ ပေ၊ အနံ ၉၈ ပေ၊ အာစီ အမျိုးအစား နှစ်ထပ် အဆောက်အအုံကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၃ ရက်တွင် ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ချယ်ရီဘုရင်မ တည်ဆောင်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)