မိုးနဲမြို့ ပြည်သူ့‌ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး တစ်ကိုယ်ရေသုံး (PPE) ဝတ်စုံများ လှူဒါန်း

မိုးနဲ ၅  မေ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံသို့  အလှူရှင်များက  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးရုံသုံးအထောက်အကူပြု ပစ္စည်းများ လှူဒါန်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ ခွဲအချိန်က  တစ်ကိုယ်ရေသုံး( PPE ) ဝတ်စုံ(၂၃)စုံ ကို လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တစ်ကိုယ်ရေသုံး (PPE)ဝတ်စုံများကို အလှူရှင် ဦးစိုင်းအောင်ညွန့်(မူဆယ်မြို့)က  အစုံ၂၀ ၊ ဦးထင်အောင်(နောင်ခမ်းရွာ) က ဝတ်စုံ ၂ စုံ၊ ဦးအုန်းကြိုင်(နောင်ခမ်းရွာ)ကဝတ်စုံ တစ်စုံ ၊ စုစုပေါင်း တစ်ကိုယ်ရေသုံး (PPE)ဝတ်စုံ  ၂၃ စုံကို ပေးအပ်လှူဒါန်းရာ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန် က လက်ခံရယူခဲ့ကြောင်း သိရသည်။

                                                                                                                     

မျိုးညွန့်ရွှေ(မိုးနဲ)