မိုးနဲ ၁၉ ဇန်နဝါရီ        

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြိုနယ် ကွန်နားကျေးရွာအုပ်စု ကုန်းကျောင်းကျေးရွာ တွင် နှစ်ပေါင်း ၃၇၀ ကျော်သက်တမ်းရှိ ရှေးဟောင်းမွေတော်စေတီတွင် ကာယဒါန စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အဆိုပါ စေတီပရဝုဏ်နေရာ၌ ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ များမှတပ်နယ်မှူး၊ တပ်ရင်းမှူးများနှင့် တပ်ဖွဲ့မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသူ ကျေးရွာသားများ စုစုပေါင်းအင်အား ၂၅၀ ဦးခန့်က စေတီပရဝုဏ်နှင့် စေတီများပေါ်တွင် တွယ်ကပ်ပေါက်ရောက်နေသော ပေါင်းမြက်ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကာယဒါနစုပေါင်း သန့်ရှင်းရေးဆောင်ရွက်သူများအား မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မိသားစုက ကောက်ညှင်းပေါင်းနှင့် အကြော်ကို ကုသိုလ်ဖြစ် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)

 

DSC06429