မိုးနဲ ၁၃ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကျေးလက်လမ်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ပြည်ထောင်စုလမ်းမှ လွိုင်ချိုကျေးရွာသို့ ကျေးလက် ကျောက်ချောလမ်း ခင်းခြင်းနှင့် မိုးနဲ-ကုန်းလုံ-လွိုင်ယူးကာ ကျေးလက်ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလမ်းမှ လွိုင်ချိုကျေးရွာသို့ ကျေးလက်ကျောက်ချော လမ်းခင်းခြင်းကို ခွင့်ပြုရန်ပုံငွေ ၇၇ ဒသမ ၈၈ သန်းနှင့် အကျယ် ၁၈ ပေ ၊အရှည်မီတာ ၁၇၄၀ ကို ရွှေမိုးထက်ယံ ဆောက်လုပ်ရေး ကုမ္ပဏီ က လည်းကောင်း ၊မိုးနဲ-ကုန်းလုံ-လွိုင်ယူးကာ ကျေးလက်ကျောက်ချောလမ်းခင်ခြင်းကို ခွင့်ပြု ရန်ပုံငွေ ၇၃ ဒသမ ၈၈ သန်းနှင့် အကျယ် ၁၈ ပေ ၊အရှည် ၁၆၅၉ ဒသမ ၆၃ မီတာကို Asia Junction ဆောက်လုပ်ရေး ကုမ္ပဏီကလည်းကောင်း တာဝန်ယူဆောင်ရွက် ပေးခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းပြီးစီးမှုအခြေအနေများကို လင်ခေးခရိုင် ကျေးလက်လမ်းဦးစီးဌာနမှူး ဦးစိုးနိုင်က ယမန်နေ့ မွန်းလွဲပိုင်းက နယ်မြေကွင်းဆင်းစစ်ဆေးခဲ့ရာ မိုးနဲမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှူး ဦးအောင်ကြည်နှင့် တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေ အနေများကို ရှင်းလင်း တင်ပြခဲ့ပြီးနောက် လင်းခေးခရိုင် ကျေးလက်လမ်းဦးစီးဌာနမှူးက လမ်းလုပ်ငန်း လိုအပ်ချက်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)


