မိုးနဲ ၁၅ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ ဇန်နဝါရီ ၂၈ ရက်အထိ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို မိုးနဲမြို့နယ်တွင် ကောက်ကွက် ၇ ကွက်နှင့် ကျိုင်းတောင်းမြို့တွင် ကောက်ကွက်နှစ်ကွက်ကို စာရင်းစစ်တစ်ဦး ၊စာရင်းကောက်လေးဦးဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

စာရင်းကောက်ယူခြင်း လုပ်ငန်းကို ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အနီးစပ်ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း Myanmar Sustainable Development Plan-(MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော ညွှန်းကိန်းများရရှိစေရန် ရည်ရွယ်ကောက်ယူခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)