မိုးနဲမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

မိုးနဲ   ဒီဇင်ဘာ   ၂၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လွတ်လပ်ရေးနေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community)ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ဖြေဆိုရာတွင် မိုးနဲအထက၊ မြို့မအလက၊ နမ့်မော်ဆွမ့်အလကနှင့် နောင်ကျော့အလကခွဲတို့မှ ကျောင်းသား ကျောင်းသူ  စုစုပေါင်း ခုနစ်ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး ယင်းသို့ဖြေဆိုနေမှုအား မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)