မိုးနဲ ၂၅ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ အိတ်ချ်ပီဗီ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ဥယျာဉ်ရပ်ကွက် မိခင်နှင့်ကလေး စောင့် ရှောက်ရေးအသင်းရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သင်းလဲလဲ့ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၀နှစ်အထိ အမျိုးသမီးငယ် ၁၀ ဦးကို အိတ်ချ်ပီဗီ(HPV) သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။ အလားတူ နာခံကျေးရွာ ၊လွိုင်အိုင်ကျေးရွာနှင့် မယ်ဇလီမြိုင် ကျေးရွာတို့တွင်လည်း တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း အသက် ၉ နှစ်မှ ၁ဝ နှစ်အထိ မိန်းကလေးဦးရေပေါင်း ၄၃၂ ဦးရှိကာ မြို့ပေါ် ၅ ရပ်ကွက်တွင် အားလုံထိုးနှံပြီးသွားပြီဖြစ်ကာ ကျန်ရှိသော ကျေးရွာအုပ်စုများရှိ မိန်းကလေးငယ်များ ကိုလည်း အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန မှသိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)


