မိုးနဲ ဇူလိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ချည်ထိုး ၊ လွယ်အိတ်ထိုး၊သိုးမွေးထိုး နည်းသင်တန်းနှင့် စက်ချုပ် ၊ပန်းကြယ်သီးထိုးနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ဝင်ငွေရ တစ်ပိုင်တစ်နိုင် ချည်ထိုး ၊လွယ်အိတ်ထိုး၊ သိုးမွေးထိုးနှင့် စက်ချုပ်၊ ပန်းကြယ်သီး ထိုးသည့်ဆိုင်များ ဖွင့်လှစ်ပြီး ကိုယ်ပိုင်လုပ်ငန်း ငယ်များ ထူထောင်လာနိုင်ကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်နှင့် တစ်ပိုင်တစ်နိုင် အသေးစားလက်မှု လုပ်ငန်းများ တိုးတက်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ချည်ထိုး ၊လွယ်အိတ်ထိုး ၊ သိုးမွေးထိုးသင်တန်းနှင့်စက်ချုပ်၊ ပန်းကြယ်သီး ထိုးနည်း သင်တန်း တစ်ခုစီတွင် သင်တန်းသား (၂၅)ဦးစီကို သင်တန်းနည်းပြ နှစ်ဦးစီက ကိုဗစ်−၁၉ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ အချိန်တစ်လကြာ စာတွေ့၊ လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


