မိုးနဲ   ၂၅  ဇွန်          


မိုးနဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ စီစဉ်မှုဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား အာဟာရထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါခိုင်ဝေငြိမ်းက အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကိုယ်ဝန်ဆောင်မိခင်လောင်း ၃၀ ဦးကို ကြက်ဥနှင့် အိုင်အိုဒင်းဆားများ အဟာရအဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
                                                                                                     


မျိုးညွန့်ရွှေ (မိုးနဲ)