မိုးနဲ  ၉  အောက်တိုဘာ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် တိုင်းရင်းသားသုဿန်အတွင်း မီးသင်္ဂြိုဟ်စက် တည်ဆောက်ရန်အတွက် ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ မတည်လှူဒါန်းငွေ ကျပ် သိန်းနှစ်ရာပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာ ၈ ရက် ညနေပိုင်းက ပေါ့မိုင်းရပ်ကွက်  ချမ်းသားကြီး ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

 

1

 

ရှေးဦးစွာ ချယ်ရီမေတ္တာဖောင်ဒေးရှင်းဥက္ကဌ ဦးဝင်းထိုက်က မီးသင်္ဂြိုဟ်စက် တည်ဆောက်ရန် မတည်လှူဒါန်းငွေကျပ် သိန်းနှစ်ရာကို ပေးအပ်လှူဒါန်းရာ မိုးနဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစိုးထွဋ်က လက်ခံရယူခဲ့ပြီး နမ့်ခုံးရှမ်းများပရဟိတ မြို့နယ်အသင်းခွဲဥက္ကဌ ဦးစိုင်းထွန်းလှက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါ မီးသင်္ဂြိုဟ်စက်တည်ဆောက်ရန် စုစုပေါင်း ခန့်မှန်းကုန်ကျငွေကျပ်သိန်း ၄၁၀ ခန့် ကုန်ကျမည်ဖြစ်၍ အလှူငွေများထပ်မံလိုအပ်လျက်ရှိပြီး မီးသင်္ဂြိုဟ်စက်ကို အမြန်ဆုံး တည်ဆောက်နိုင်ရေးအတွက် မြို့နေလုထုနှင့် ရပ်ဝေးမှအလှူရှင်များအနေဖြင့် တတ်အားသ၍ ပါဝင်ကူညီလှူဒါန်းနိုင်ပါကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းလှအေး ၏ ပြောကြားချက်အရ သိရသည်။

 

မျိုးညွန့်ရွှေ ( မိုးနဲ)