မိုးနဲ ၂၂ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ချယ်ရီမေတ္တာဖောင်ဒေးရှင်း၏ (၃၀)ကြိမ်မြောက် စက္ခုဒါနလှူဒါန်းပွဲအား အောက်တိုဘာ ၆ ရက်မှ ၁၀ ရက်အထိ မိုးနဲမြို့ပြည်သူ့ဆေးရုံနှင့် ပေါ့မိုင်းရပ်ကွက်ရှိ ချမ်းသာကြီး ဘုန်းတော်ကြီးကျောင်းတိုက်တို့တွင် ရန်ကုန်မြို့မှ မျက်စိပါရဂူကြီးများနှင့် ကျွမ်းကျင် ပညာရှင်များကိုယ်တိုင် လာရောက်၍ မျက်စိဝေဒနာရှင်ပြည်သူများအား မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးသည်အထိ စမ်းသတ်ခ၊ ခွဲစိတ်ခ၊ မျက်မှန်နှင့်ဆေးဝါးများ စသည်တို့ကို အခမဲ့ ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လင်းခေးခရိုင်အတွင်း လင်းခေးမြို့၊ မိုင်းပန်မြို့နှင့် မောက်မယ်မြို့များရှိ မျက်စိဝေဒနာရှင်များ အနေဖြင့်လည်း လာရောက်ကုသမှုခံယူနိုင်ပြီး အောက်တိုဘာ ၆ ရက်မှ ၉ ရက်အထိ ချမ်းသာကြီး ဘုန်းတော်ကြီးကျောင်းတိုက်၌ လည်းကောင်း၊ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ မိုးနဲမြို့ ပြည်သူ့ဆေးရုံတွင်လည်းကောင်း စမ်းသပ်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ရာ မျက်စိဝေဒနာရှင်ပြည်သူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းလိုပါက ဦးစိုးထွဋ် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ၀၉ ၄၄၀၀၀၄၉၁၉၊ ဦးစိုင်းအောင်ဖေ ၀၉ ၂၆၀၈၉၀၁၁၈၊ ဦးစိုင်းထွန်းလှ ၀၉ ၂၅၀၅၅၆၁၆၆၊ ဦးစိုင်းကြီးကို ၀၉ ၂၅၀၂၅၅၉၂၅ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


