မိုးနဲ ၃၁ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေသည် မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့မြေတိုင်းတာရေး စီမံချက်အရ မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက် အကွက်အမှတ် (၁၃)တွင် မြေယာ ပိုင်ဆိုင်မှုစာရင်း ကောက်ယူခဲ့ရာ လုပ်ငန်းများပြီးစီးသွား ပြီဖြစ်၍ စတုတ္ထအကြိမ်မြောက် နှစ်(၃၀) နှစ်ရှည်မြေငှားဂရမ် ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က အကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။
အဆိုပါ ရပ်ကွက် အကွက်အမှတ် (၁၃)တွင် နှစ်(၃၀)နှစ်ရှည် မြို့မြေငှာဂရမ် စုစုပေါင်း ၃၅ စောင်ကို ဒေသခံ ပြည်သူ့လက်ဝယ်သို့ ထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ နှစ်ရှည်မြေငှားဂရမ် လျှောက်ထားသူ(၃၀) ကို မြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် မြေပြင်တည်ရှိမှုအခြေအနေ ၊မြေရာဇဝင် မှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


