မိုးနဲ ၁၉ ဒီဇင်ဘာ     

   

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့မြေတိုင်းတာရေးစီမံချက်အရ မိုးနဲမြို့နယ်၊ ပေါ့မိုင်းရပ်ကွက်၊ အကွက်အမှတ် (၁၃) တွင် မြေယာပိုင်ဆိုင်မှု စာရင်းကောက်ယူခဲ့ပြီး နှစ်(၃၀) မြို့မြေငှားဂရမ် ပထမအကြိမ်ထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မဟာသုခချမ်းသာကြီး ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးသန်းညွန့်ဦးက မြေစာရင်းပုံစံ ၁၀၅/၁၀၆ ရေးကူးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် နှစ်(၃၀) မြို့မြေငှားဂရမ်များအား ပိုင်ဆိုင်သူအိမ်ထောင်ဦးစီးများ လက်ဝယ်အရောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

mdn

 

မျိုးညွန့်ရွှေ (မိုးနဲ)