မိုးနဲ ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုက်ဟိုင်းကျေးရွာအုပ်စု ဟဲကေကျေးရွာနေ ဒေသခံပြည်သူများအား အဆိုပါရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်းစု / အိမ်ထောင်ခွဲ စာရင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မိုးနဲမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်နှင့် ဝန်ထမ်းများက ဟဲကေကျေးရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ၄၅ ဦးအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူ အသစ် ၁၀ ဦးအား အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ ၁၀ စောင်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


