မိုးနဲ  ၂၄  ဒီဇင်ဘာ    

 

ကလေးငယ်များ၏ စာဖတ်ရှိန်မြှင့်တင်စေရန်၊ ကလေးစာပေများ တိုးတက်လာစေရန်၊ ကလေးများ စာအုပ်ဖတ်ရှုခွင့် ပိုမိုရရှိစေရန်၊ စာဖတ်တတ်သော ကလေးများမှ စာဖတ်သော လူကြီးများ ဖြစ်လာသည့်အခါ မိမိနှင့်မိမိမိသားစုကို ပိုမိုဂရုစိုက်လာနိုင်ရန်၊ လှုပ်ရှားရှင်သန်နေသည့် လူ့အသိုက်အဝန်းတွင် ပိုမိုပါဝင်ပံ့ပိုးလာနိုင်ရန် ရည်ရွယ်၍ Third Story Project လူမှုအဖွဲ့မှ မိုးနဲမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ရုပ်ပြပုံပြင်စာအုပ်များ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါစာအုပ်များတွင် ခေါင်းအုံးကလေး မောင်ပုလုံး၊ တောတွင်းသားများ၊ တံမြက်စည်းလေးတာဝန်ကျေ၊ ကုန်သည်သုံးဦး စာအုပ်များဖြစ်ပြီး ကလေးငယ်များ စိတ်ကောင်းထားတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီတတ်စေရန်၊ မိမိတန်ဖိုးကို သိရှိစေရန်၊ သူတစ်ပါးကို ပျော်ရွှင်မှုများ ပေးတတ်စေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ရုပ်ပြပုံပြင် စာအုပ်များဖြစ်ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)