မိုးနဲ ၃၀ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနသို့ ကုသရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယပြည်နယ်ဉီးစီးမှူး ဒေါ်နန်းထူးထူးစိုးက အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အလှူရှင်များက Traction Bed တစ်ခု၊ ပေါင်းချွေးအိမ် တစ်စုံ၊ ဆေးငွေ့ပေးစက် တစ်ခု၊ Philip Ray လက်ကိုင် နှစ်ခုနှင့် Yama ၂၂၀ ဗို့ လက်ကိုင်မီးစက် တစ်လုံးကို ပေးအပ်လှူဒါန်းရာ မြို့နယ်လက်ထောက်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ ကုသရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပေးသော အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ်များကို ပြည်နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာန ဒုတိယပြည်နယ်ဉီးစီးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး မြို့နယ် လက်ထောက်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင်က လှူဒါန်းပေးရခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)