မိုးနဲ ဒီဇင်ဘာ ၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း၌ ရှမ်းလူမျိုးအများစုသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြရာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသော ဦးဇော်မင်း၏ ယာခင်းထဲတွင် စိုက်ပျိုးထားရှိသော သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တစ်ပိုင်တစ်နိုင် သီးနှံများ စိုက်ပျိုးရာတွင် သဘာဝမြေဩဇာ နွားချေးကို စိုက်ပျိုးရေးဦးစီးဌာနမှ အသုံးပြုပုံ ပြသထားသည့် နည်းလမ်းများနှင့်အညီ အသုံးပြုထားလျက်ရှိရာ စိုက်ပျိုးထားရှိသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်ညှင်းစိမ်း၊ မုန်ညှင်းဖြူ၊ ဆလပ်၊ စားတော်ပဲ စသည့် မီးဖိုချောင်သီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဦးဇော်မင်း၏ ပြောကြားချက်အရ သိရသည်။

 

ဇင်ကိုကို(ပြန်/ဆက်)