မိုးနဲ၊  ဇွန်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ဇွန် ၂ ရက် နံနက်  နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးမထိုးမီ သွေးတိုး၊ ဆီးချိုနှင့် အခြားရောဂါလက္ခဏာများ ရှိ/မရှိနှင့် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ပေးကာ ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ် ၃၀ ခန့် စောင့်ကြည့်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးပြီးသော်လည်း mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းကို ဆက်လက်ကာကွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးမှာကြားခဲ့သည်။

မတ်  ရက်တွင် စတင်ထို့နှံပေးခဲ့ပြီး ယနေ့ထိ မြို့နယ်အတွင်းရှိဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက်၊ အသက်(၁၈)နှစ်မှ (၆၅)နှစ်အတွင်း ပြည်သူများ၊ မြို့နယ်ပရဟိတအသင်းများ စုစုပေါင်း (၁၃၄၇)ဦးကို ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)