မိုးနဲ ၂၀ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ မြန်မာ့သိုင်း၊ ကာယဗလ၊ အလေးမ လေ့ကျင့်ရေးရုံအဖြစ် အသုံးပြုရန် အလျားပေ ၆၀၊ အနံပေ ၃၀ (Steel Structuer) တစ်ထပ်အဆောက်အဦ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အဆောက်အဦအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၃၀ ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး လုပ်ငန်းများ စတင်ဆောင်ရွက်နေမှုကို မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီ အတွင်းရေးမှူး ဦးကျော်မျိုးထက်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီခွဲတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)