မိုးနဲ  ၂၈   မတ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့ပေါ်ရပ်ကွက် များသို့ အသံချဲ့စက်ဖြင့် လှည့်လည်သတိပေးနှိုးဆော်ခြင်းများကို ယမန်နေ့ ည ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

2732

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မီးသတ်ဦးစီးဌာန နှင့် နမ့်ခုံး ရှမ်းများပရဟိတအသင်းတို့ ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ခြင်း နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ အသုံးပြုပြီးသော တစ်ရှူးစများ၊ နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ကြရန်၊ လက်ကိုမကြာခဏ စနစ်တကျ စင်ကြယ်စွာ ဆေးကြော သန့်စင်ကြရန်၊ လူထူထပ်သော နေရာများသို့ သွားလာခြင်းများမှ ရှောင်ကြဉ်ကြရန်၊ မိမိပတ်ဝန်းကျင် တွင်သံသယလူနာများနှင့် ပြည်ပမှ ပြန်လာသူများရှိပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး ဆက်သွယ် သတင်းပေးပို့အကြောင်းကြားကြရန် စသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာ ရမည့်အချက်များကို အသံချဲ့စက်ဖြင့် ပြည်ထောင်စုလမ်း ၊မြို့ပေါ်ငါးရပ်ကွက် ၊အရှေ့မြို့ပတ်လမ်း ၊အနောက်မြို့ပတ်လမ်း များရှိလမ်းဆုံနေရာများ၌ ရှမ်းဘာသာ/မြန်မာဘာသာများနှင့် ဆက်လက်လှည့်လည် သတိပေး နှိုးဆော်မှုများ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)

 

802