မိုးနဲ ၁၃ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း လျှပ်စစ်မီးလင်းရေးနှင့် ဒေသခံပြည်သူများ လျှပ်စစ်အသိ၊ လျှပ်စစ်သတိ အမြဲရှိပြီး လျှပ်စစ်အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်လျက် လျှပ်စစ်မီးလင်းရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကွန်နားကျေးရွာ မွေတော်ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ဟောပြောပွဲတွင် မြို့နယ်လျှပ်စစ်မှူး ဦးခင်မောင်အေးက မိသားစုနှင့် လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ လျှပ်စစ်ပစ္စည်းများ အသုံးပြုရာတွင် သတိထားကိုင်တွယ်ရမည့် နည်းလမ်းများ၊ ဓာတ်လိုက်ခံရသူအား ရှေးဦးသူနာပြုစုနည်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်အတွင်း ပန်အူကျေးရွာ၊ ကတ်နောက်ကျေရွာတို့တွင် ၄၀ဝ ဗို့ဓာတ်အားလိုင်း ဝ ဒသမ ၅ မိုင်ကို ကျပ် ၂၃ သန်းစီဖြင့်လည်းကောင်း၊ ကတ်နောက်ကျေးရွာတွင် ၁၁ ကေဗွီ ၄၀ဝ ဗို့အားလိုင်းနှစ်ထပ် ပေ ၉၅၀ ထရန်စဖော်မာ ပြောင်ရွှေ့တပ်ဆင်ခြင်းကို ကျပ် ၈ ဒသမ ၆ သန်းဖြင့်လည်းကောင်း လျှပ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)