မိုးနဲ ၁၀ ဇွန်
ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နှင်းရေး ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှူး ဦးငိုပွယ်က ဖောငမြှောင်တောင်ပိုး စတင်ပေါ်ပေါက်ခဲ့သော သမိုင်းကြောင်း၊ အာရှသို့ပြန့်ပွားလာပုံ၊ ဖောငမြှောင်တောင်ပိုး၏ ဘဝစက်ဝန်း၊ အပင်များအား ဖျက်ဆီးပုံနှင့် ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ၊ မြေသြဇာနှင့် ပိုးသတ်ဆေး စနစ်တကျ သုံးစွဲရေး နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဟောပြောပွဲသို့ ဒေသခံတောင်သူ ၇၀ ကျော် တက်ရောက်ခဲ့ပြီး ပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)