မိုးနဲ   ၁၉   ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ စီစဉ်မှုဖြင့် ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရေ မိခင်များအတွက် မှန်ကန်သောရွေးချယ်မှုကို ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်ရန် နှစ်သိမ့်ဆွေးနွေးသော Counseling ဆရာဖြစ်သင်တန်းမှ အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

 

6

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဌ ဦးတိုးလှက တောင်ကြီး မြို့တွင် ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရင်ခွင်မဲ့ကလေး ငယ်များနှင့် တစ်ကိုယ်ရေ မိခင်များအတွက် မှန်ကန်သောရွေးချယ်မှုကို ကိုယ်တိုင်ဆုံးဖြတ် လုပ်ဆောင်နိုင်ရန် နှစ်သိမ့်ဆွေးနွေးသော Counseling ဆရာဖြစ် သင်တန်းမှ ဆွေးနွေးချက်များအား ထပ်ဆင့် ရှင်းလင်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဒုတိယဥက္ကဌ ဦးတိုးလှက "ဆူး ၊ မနှင်းဆီ ၊ အညံ့ပန်းနှင့် ဂျစ်တူး စသည့် ကလေးများ သင့်ထံရောက်လာပြီး အကူအညီတောင်းခံလာပါက မည်သို့ဆောက်ရွက်ပေးမည် "ခေါင်းစဉ်များကို အုပ်စုသုံးစုဖွဲ့၍ ရရှိသောအဖြေများအား အုပ်စုတစ်စုချင်းစီမှ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒုတိယဥက္ကဌက လိုအပ်ချက်များပေါ် ပြန်လည်ဖြည့်စွက် ဆွေး‌နွေးခဲ့သည်။

 

48

 

အဆိုပါ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ၊မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဌ‌ ဒေါ်နန်းညွန့်သန်းနှင့် အသင်းဝင်များ စုစုပေါင်း ၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)