ထီးလင်း၊ ၁၁ ဒီဇင်ဘာ

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထလင်းကျေးရွာ၌ မိုးနှောင်းချည်မျှင်ရှည်ဝါ (ငွေချည်-၉) စိုက်ပျိုးသည့် တောင်သူများအား အာမိုနှင့် ပုလဲသာ မြေဩဇာများကို တာဝန်ရှိသူများက ဒီဇင်ဘာ ၁၀ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်တင်မာဖြိုးနှင့် ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ထလင်းကျေးရွာ၌ မိုးနှောင်းချည်မျှင်ရှည်ဝါ (ငွေချည်-၉) စံပြကွက်စိုက်ပျိုးသည့် တောင်သူ သုံးဦးတို့အား ချည်မျှင်ရှည်ဝါစိုက်ဧက ၃ ဧကအတွက် အာမို တစ်အိတ်နှင့် ပုလဲသာမြေဩဇာ တစ်အိတ်တို့ကို ထောက်ပံ့ပေးအပ်သည်။

 

ထီးလင်းမြို့နယ်တွင် စုစုပေါင်း ဝါစိုက်ဧက ၁၀ ဧကကျော် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်စည်(ပြန်/ဆက်)