မိုင်းဆတ် ၂၆ ဇန်နဝါရီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့အကျဉ်းထောင်၌ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၆ ရက် နံနက် ၆ နာရီခွဲက အကျဉ်းထောင်လှန့် ဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်ခဲ့သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်မှုတွင် မိုင်းဆတ်အကျဉ်းထောင်မှ တာဝန်ခံအရာရှိ ဦးအောင်ဆန်းလင်း ဦးစီးသော တပ်ဖွဲ့ဝင်(၂၅)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မရဲစခန်းမှ ရဲအုပ်ကျော်သူဌေးဦးစီးသော တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမြင့်အောင်ဦးစီးသော တပ်ဖွဲ့ဝင်(၁၁)ဦး၊ စုစုပေါင်းအင်အား (၄၆)ဦးက အကျဉ်းထောင်အတွင်းရှိ် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ ဆူပူထကြွဆန္ဒပြခြင်းနှင့် အကြမ်းဖက်စီးနင်းခြင်းများဖြစ်ပေါ်လာပါက ကာကွယ်တားဆီးနှိမ်နင်းရန်အတွက် အကျဉ်းထောင်အတွင်းတွင် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း