ကျိုင်းတုံ အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ လွယ်လန်းကျေးရွာအုပ်စုနှင့် မိုင်းတုံမြို့နယ်၊ ဟိုပန်ကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ နမ့်ကျီးချောင်းကူး ဘေလီတံတားအား ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ သိရသည်။

 

 IMG-640c145871

 

အဆိုပါ တံတားတည်ဆောက်ခြင်း လုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် (၂၀၂ ဒသမ ၈၂၉) သန်းဖြင့် မိုင်းဆတ်မြို့နယ်၊ လွယ်လန်းကျေးရွာအုပ်စု၊ တပ်မခေ-လွယ်ကျန့်မော်-ပိန်းခမ်းနှင့် မိုင်းတုံမြို့နယ်၊ ဟိုပန်ကျေးရွာအုပ်စု၊ ဟိုရွက် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ နမ့်ကျီးတူချောင်းကူး (၈၀)ပေ (၂)လွှာ (၁)ထပ် ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ သိရသည်။

 

အဆိုပါတံတား တည်ဆောက်ပြီးစီးသဖြင့် ကျေးရွာအုပ်စု (၂)အုပ်စု၊ ကျေးရွာ (၂၄)ရွာ၊ အိမ်ခြေ(၁၆၂၁) အိမ်မှ လူဦးရေ (၆၃၉၁)ဦးအား အကျိုးပြုသည့် တံတားဖြစ်သည့်အတွက် ဒေသခံပြည်သူများနေဖြင့် ဒေသတွင်းထွက်ကုန်များအား မိုင်းဆတ်မြို့သို့ အချိန်တိုအတွင်း သွားလာရောင်းချနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာစေမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)

 

 IMG-b42900136c