မိုင်းဆတ် ၂၅ မတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့မဈေးအတွင်းနှင့်ဈေးရှေ့၌ ယနေ့ နံနက် ၇ နာရီတွင် ကျန်းမာရေး ဝန်ထမ်းများက COVID-19 ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေး ပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။          

 

ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ဈေးတွင်းအသား၊ ငါးတန်း၊ ကုန်ခြောက်တန်း၊ အဝတ်အထည်ရောင်း ဈေးတန်းနှင့် ဈေးဝယ်လာသူများ၊ ဈေးရှေ့ဖြတ်သန်းသွားလာသူများကို အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရမည့် နည်းလမ်းများကို မြန်မာဘာသာ၊ ရှမ်းဘာသာ၊ လားဟူဘာသာ စသည့်ဘာသာစကား(၃)မျိုးဖြင့် အသိပညာပေးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ကူးစက်ရောဂါ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် ကြိုတင်ကာကွယ်ရန် လူစည်ကားရာနေရာများတွင် အသိပညာပေးကြော်ငြာပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

မြင့်မောင်(ပြန်/ဆက်)