မိုင်းဆတ် ၅ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မိုင်းဆတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး ပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က ငွေနှင့်ပစ္စည်းများ လေလွင့် ဆုံးရှုံးမှု မဖြစ်စေရေးနှင့် ထိရောက်စွာ အသုံးပြုရေးပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် မြို့နယ်ရဲမှူး ဦးဌေးလှိုင်တို့က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)ကို ရပ်ကွက်၊ ကျေးရွာ အုပ်စု (၂၂)အုပ်စုမှ တာဝန်ရှိသူများထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ကျပ်သိန်း(၁၀ဝ၀)ကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုများဖြစ်သည့် မယ်ဆွမ်မြောက်၊ ဝိန်းနေ၊ မြို့သစ်၊ ဝိန်းဝိုင်၊ မယ်နင် ၊ ဆိုက်ခေါင်၊ မယ်ဆတ်၊ ကောင်းမှုတန်၊ မယ်ဆွမ်တောင်၊ မအို့၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်၊ မိုင်းလုံး၊ ဝမ်ကောင်း၊ မယ်ဆွမ်တောင်ကျေးရွာအုပ်စု၊ ဆန်ကန်၊ ဖန်ဖု၊ မိုင်းတွမ်းတောင်ပေါ်၊ ကျတီ၊ လွယ်ဆောင်၊ မဟုန်လွယ်၊ လွယ်လန်း စသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများ အတွင် ရေရရှိရေးလုပ်ငန်း(၂၂)ခု၊ လမ်းတံတားလုပ်ငန်း(၁၀)ခု စုစုပေါင်းလုပ်ငန်း (၃၂) ခုကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)