မိုင်းဆတ် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို သင်္ချာဉာဏ်စွမ်းပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျောင်းသား/ကျောင်းသူများ သင်္ချာစွမ်းရည်တိုးတက်မြင့်မားစေရန်၊ စဉ်းစားတွေးခေါ်တတ်စေရန်နှင့် ပန်းချီစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်သည်။
ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဂုဏ်ပြုဆုများအဖြစ် စာရေးကိရိယာများ ပေးအပ်ခဲ့သည်။
မြင့်မောင်(မိုင်းဆတ်)


