မိုင်းဆတ် နိုဝင်ဘာ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဒေသခံတောင်သူများ နွေရာသီတွင် စိုက်ပျိုးရေရရှိကာ ရာသီသီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ပြီး အပိုဝင်ငွေများရရှိနိုင်စေရန်အတွက် ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်း (Pilot Project) အား အကောင်အထည်ဖော် ဆောင်လျက်ရှိရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ ဟိုနားကျေးရွာအုပ်စု၊ ဟိုနားကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၁ ဒသမ ၇၄၀) သန်းဖြင့် တောင်သူများ၏ စိုက်ပျိုးမြေ (၁၀)ဧကအတွက် ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်းအား ဆောင်ရွက်ပေးခဲ့ရာ နိုဝင်ဘာ ၈ ရက်တွင် လုပ်ငန်းအားလုံးပြီးစီးပြီး စိုက်ပျိုးရေ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြင့်မောင် (ခရိုင် ပြန်/ဆက်)