မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းဆတ်  ၅  မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့တွင်းတည်ဆောက်ရေးလုပ်ငန်း များနှင့် ကျေးရွာကျောက်လမ်းခင်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မယ်နင်ကျေးရွာအတွင်း၌ အမှတ်(၄၉)ခြေမြန်တပ်ရင်းမှ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) (၁၀ ဒသမ ၀၃) ဧက လျှောက်ထားမှုအား ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ က ကွင်းဆင်းစစ်ဆေးသည်။

 

ဆက်လက်၍ ခရိုင်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သုံးယိင်းဟွားကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော ဝန်ထမ်းအိမ်ယာ(၄) ခန်းတွဲ (RC) လေးထပ် တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ မန္တလာရွှေကြာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော နားယန်း(၂)စံပြကျေးရွာသွား လမ်းအရှည်(၁)မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများ၊ သုံးယိင်းဟွားကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော ခရိုင်စီမံကိန်းဦးစီးဌာနရုံး (RC)နှစ်ထပ် ပြီးစီးမှု အခြေအနေ၊ (Winner Sign) ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းအိမ်ရာ (၃)ခန်းတွဲ (RC)တစ်ထပ် ပြီးစီးမှုအခြေအနေများ၊ ¬¬Family Zion ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော ဝန်ထမ်းဧည့်ရိပ်သာ (၆)ခန်းတွဲ (RC)နှစ်ထပ် ပြီးစီးမှုအခြေအနေများနှင့် လွယ်ဆမ်ဆုံကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကျတီ-နားမ (၁)လမ်းအရှည် (၁/၂)မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကိုလည်းကောင်း စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

 

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)