mdn

မိုင်းဆတ်   အောက်တိုဘာ   ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) စတင်ထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၁၉၃၂ ဦးအား သတ်မှတ်စုရပ်နေရာ ၁၆ နေရာတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)