မိုင်းဆတ်  ၁၀  ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌  လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်းခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

54

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက မြို့တစ်မြို့၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် မှာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည်လည်း အရေးကြီးကြောင်း ရှင်းလင်းပြောကြားပြီး စက်မှုလယ်ယာ ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးညွှန့်က သင်တန်းကို ဈေးကွက်ဝင်သော လယ်ယာထွက် သီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

4

 

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းချစ်ထွန်းက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းတွင် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား ၃၀ အား ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်နေ့ အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)

 

454