မိုင်းဆတ် ၁၉ ဇန်နဝါရီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ဆန်ကန်ကျေးရွာ၌ မီးဘေးသင့်မိသားစု (၁)စုအား ဇန်နဝါရီ ၁၈ ရက်က ကယ်ဆယ်ရေးပစ္စည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်၊ ဆန်ကန်ကျေးရွာအုပ်စု၊ နားလောင်းကျေးရွာ၌ ဇန်နဝါရီ ၁၇ ရက် နံနက် ၅ နာရီက မီးလောင်မှုကြောင့် ဦးအိုက်ပန်း၏ နေအိမ်တစ်လုံးနှင့် အိမ်အသုံးအဆောင် ပစ္စည်းများ၊ ဆန်(၅)အိတ်၊ ပြောင်းဖူး(၃၅)ပုံး၊ သွပ်မိုးထရံကာ ဆန်စက်အဆောက်အဦ နံရံတစ်ဖက်နှင့် (၅) ကီလိုဒိုင်နမို (၁) လုံးတို့ မီးလောင်ဆုံးရှုံးခဲ့သည်။
အဆိုပါ နေအိမ်မီးလောင်ဆုံးရှုံးခဲ့သည့် ဦးအိုက်ပန်း၏ မိသားစုဝင် (၉) ဦးအား ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းထွန်းဦးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် (၅) ဦးတို့က အိမ်အသုံးအဆောင်ပစ္စည်းများ (family kit)၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ (hygiene kit)၊ ကျန်းမာရေးသုံးပစ္စည်းများ (dignity kit) နှင့် ရေပုံးတို့အား သွားရောက်ထောက်ပံ့ပေးအပ်ပြီး ကျေးရွာ၌ သဘာဝဘေးအန္တရာယ် အသိပညာပေး ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)