မိုင်းဆတ် ၈ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီကစတင်၍ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ(၅၈)ရုံနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် (၅၉၇၀၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။
သန်းဇော်(မိုင်းဆတ်)


