မိုင်းဆတ် ၄ မတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့သတ္တမနေ့အသင်းတော်၌ သဘာဝကုထုံးနည်းဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို မတ် ၄ ရက် နံနက် ၉ နာရီက ဦးစောမြင့်ထွေး ဦးဆောင်သောအဖွဲ့မှ ကျန်းမာရေးစစ်ဆေးကုသပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် လူနာများအား အရပ်တိုင်းခြင်း၊ အဆီတိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်း၊ ဘီပိုး၊ စီပိုးစစ်ဆေးခြင်းများအပြင် မီးသွေးကုထုံး၊ ရေကုထုံး၊ ဆေးပေါင်းထုပ်ကုထုံးများဖြင့် လက်တွေ့ကုသပေးသည်။ ရောဂါဝေဒနာရှင်များအား သဘာဝကုထုံးနည်းဖြင့် ကုသပေးနိုင်ရန် လက်ဆင့်ကမ်း ပညာပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအား မတ်လ ၄ ရက်မှ ၇ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း စစ်ဆေးကုသမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း