မိုင်းဆတ်မြို့၌ တတိယမြောက်နေ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

mdn

မိုင်းဆတ် ဩဂုတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရမည့်သူ (၂၀၁၆)ဦးအနက် ကျန်သူရှိသူများအား တတိယမြောက်နေ့အဖြစ် ယနေ့နံနက်(၉)နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ယမန်နေ့အထိ ထိုးနှံပြီးသူ(၇၇၀) ရှိပြီး ကျန်ရှိသည့် အသက်(၆၅)နှစ် အထက်ရှိ ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘုန်းကြီး၊ သီလရှင်၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့် ပုဂ္ဂလိကဘဏ် ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သူနာပြုများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း တို့ကိုဆောင်ရွက် ပေးပြီး  ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံ ပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးလင်းအောင်မိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် တာဝန်ရှိသူ တို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)