မိုင်းဆတ်မြို့နယ်၊ တန့်ဆိုင်ကျေးရွာအုပ်စု၌ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster) ထိုးနှံပေး

မိုင်းဆတ် အောက်တိုဘာ ၁၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ တန့်ဆိုင်ကျေးရွာအုပ်စု၌ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Booster)ကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ မူလတန်းကျောင်းဝန်းအတွင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ အမည်စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ပြီးမှသာ တန့်ဆိုင် ကျေးရွာအုပ်စု၊ ကျအူဖုရားကျေးရွာမှ အသက်(၁၈)နှစ်အထက် ရွာသူ၊ ရွာသားများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster)ကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်လတ်တို့က သွားရောက်ကြည့်ရှုကာ လိုအပ်ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)