နေပြည်တော် ၉ မတ် 
    

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များမှ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်သွား ကားလမ်း၊ လွယ်ပါရင်(၂) ကျေးရွာအနီးတွင် ယမန်နေ့ညနေ ၅ နာရီခွဲ၌  ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တာချီလိတ်မြို့ဘက်မှ မိုင်းဆတ်မြို့ဘက်သို့ မောင်းနှင်လာသည့် SHN 6H/--- နံပါတ်ပါ REVO အမျိုးအစားယာဉ်သည် ကိုက်(၄၀ဝ)ခန့်အကွာတွင် ရပ်တန့်ကာ ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့သဖြင့် သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ဆာလာအိတ် ၁၃ အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား (၂၀ဝ၀ဝ၀ဝ) ဒေသတန်ဖိုး (ကျပ်သိန်း ၂၀ဝ၀ ခန့်)၊ စိတ်ကြွဆေးပြားရိုက်ရာတွင် အသုံးပြုသည့် အရှည်(၄)လက်မခွဲခန့်စီရှိ သံမို(၁၉၅)ချောင်းနှင့် ဆေးပြားရိုက်နှိပ်သည့် စက်အပိုင်းအစများအား သိမ်းဆည်းရမိခဲ့သဖြင့် မိုင်းတွမ်နယ်မြေရဲစခန်း မူးယစ်(ပ)၃/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ)/၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN