မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ    

နေပြည်တော် ၂၉ ဒီဇင်ဘာ 

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ယနေ့ မွန်းလွဲ ၂ နာရီခွဲက မိုင်းဆတ်မြို့နယ်၊ မိုင်းထလမ်းကျေးရွာအုပ်စု၊ ယောင်ခ (နားယောင်း)ကျေးရွာဈေးရှိ ဆိုင်ခန်းအမှတ်(၅၂)တွင် ငှားရမ်းနေထိုင်သူ ထိုင်းနိုင်ငံသား ကျော့ချိုင်း ၏ အခန်းအားရှာဖွေရာ ၎င်းအားမတွေ့ရှိရဘဲ ငွေကျပ်သိန်း ၁၃,ဝ၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၀ဝ,ဝ၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)