မိုင်းဆတ်  ၅  ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျင်းပသည်။

 

ရှေးဦးစွာ အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော Air set (၁)လုံး၊ Mask (၁၅၀၀)၊  OT Cap (၂)ထုပ်၊ Hand Gel (၁၀)ဘူး၊ E-glove (၅)ဘူး၊ Apron (၁)ထုပ်၊ Long Glove (၁)ထုပ်တို့ကိုပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ အောင်ဇေယျ၊ သမားတော် ဒေါက်တာသိန်းထွန်းအောင်နှင့် ကလေးအထူးကုဆရာဝန် ဒေါက်တာနှင်းဖြူဖြူစိုးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့် ဦးဒါဝိဒ်၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း  သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)